Friday, August 19, 2016

Did you know that you can shop Duty Free in Changi Airport online?

ဒီတစ်ခါရေးပေးချင်တာလေးကတော့ စင်္ကပူလေဆိပ်က Duty Free ဆိုင်တွေမှာ အပြင်ထက်စျေးသက်သာလို့ ရှော့ပင်းလဲ ထွက်ချင်တယ်။ လေဆိပ်လဲ အစောကြီးသွားဖို့ အချိန်မရှိဖြစ်နေတာမျိုးတို့။ အိမ်ပြန်လက်ဆောင် ၀ယ်ဖို့ အချိန်ကမရှိ လေဆိပ်မှာ ၀င်ဝယ်ဖို့လဲ အချိန်မလောက်ဖြစ်နေတာမျိုးတို့၊ Duty Free ဆိုင်တွေမှာ ရှော့ပင်းထွက်လွန်ပြီး အင်မီဂရေးရှင်းဖြတ်ပြီးမှ လေယာဉ်လွတ်သွားတဲ့ သူငယ်ချင်းတွေလိုမျိုး မဖြစ်ရလေအောင်...

Singapore Changi Airport duty free ဆိုင်တွေကို အွန်လိုင်းကနေ ကြိုဝယ်ထားလို့ရပြီး ကိုယ်လေဆိပ်ရောက်မှ collection counter မှာ သွားယူလိုက်လို့ရတယ်ဆိုတာ သင်သိပါသလား?
Duty Free online shopping website လေးကတော့
http://www.ishopchangi.com/ ဖြစ်ပါတယ်။

အောက်က ပုံလေးတွေမှာ တစ်ပုံချင်းရှင်းပြထားတယ်နော်။

သတိပြုရမှာက ကိုယ်မသွားခင် ၁၄ရက်ကနေ ၁၈နာရီ မတိုင်ခင်အတွင်းမှာပဲ ၀ယ်လို့ရတယ်။
လေယာဉ်မထွက်ခင် ကပ်ပြီးမှ ၀ယ်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကလဲ Processing time ရှိသေးတယ်လေ။

ကြိုက်ရာ ရွေးပြီး shopping cart ထဲ ထည့်၊ check out လုပ်ဖို့ Checkout Now ကိုနှိပ်...

နောက်တစ် page မှာ log in ၀င်ခိုင်းတယ်။ အကောင့်မရှိရင် Create Account ကို နှိပ်ပြီး ကိုယ့်အီးမေလ်းနဲ့ အကောင့်ဖွင့်။ အကောင့်ဖွင့်တာ လွယ်ပါတယ်။

အကောင့်ဖွင့်ပြီးရင် log in ၀င် check out လုပ်ရင် ဒီပေချ့်မှာ ကိုယ့်ရဲ့ Details တွေ ဖြည့်ခိုင်းတာတွေ ပတ်စပိုစ့်ထဲက အတိုင်းအမှန်ဖြည့်။

Details ဖြည့်ခိုင်းတာရဲ့အောက်မှာ တစ်ခါတည်း ကိုယ်ထွက်ခွာဆို ထွက်ခွာ။ ဆိုက်ရောက်ဆို ဆိုက်ရောက် လေယာဉ် နံပါတ်ထည့်။ နေ့စွဲထည့်။

အောက်က Terms and conditions ကို tick လုပ်ပြီးရင် အောက်ဆုံးက (ဒီပုံထဲမှာ မပါ) button ကိုနှိပ်လိုက်ရင် နောက်တစ်ပေချ့်မှာ ပိုက်ဆံပေးပြီးရင် ရဘီ။

ကိုယ်ပြန်တဲ့နေ့မှာ အင်မီဂရေးရှင်းဖြတ်ပြီးရင် အတွင်းထဲက Collection counter မှာ ပတ်စပိုစ့်ပြပြီး သွား ယူရုံပဲ။