Wednesday, September 10, 2014

Free & Easy Korea Trip Day 3 (Part 2): Everland -> Eating Street Foods and Exploring Gangnam


P.S ဒီ ပိုစ့်လေးကတော့ မဆွေလေးမွန် (www.whitewhitemind.blogspot.com) နဲ့ သူကြီးမင်း(တုံးဖလား) (http://kokomaunguk.blogspot.co.uk/) တို့ရဲ့ BPP Challenge မှာ nominate လုပ်ခံထားရလို့ ရေးလိုက်ပါတယ်... ပိုက်ဆံကိုလဲ TP Myanmar Helping Hand Organization ရဲ့ လစဉ် Contributor အဖြစ် အစကတည်းက လှူလာတာ ခုဆိုရင် နှစ်နဲ့ချီနေပါပြီ... နောက်မှ အဲဒိအကြောင်းကို သေသေချာချာရေးရင်း ထပ် Challenge မဲ့လူတွေကို ပြောပါအုံးမယ်...

၁၁ရက် ဇူလိုင်လ ၂၀၁၄ (သောင်္ကြာနေ့)
ကံမကုန်လို့ ပြန်ဆုံခဲ့တဲ့ EVERLAND



Going to Normal Ticket Counter

Everland ဂိတ်ဝကိုရောက်တော့ သာမာန်သူများတွေ လက်မှတ်ဝယ်တဲ့ကောင်တာကိုသွားရင်း ကိုယ်ထုတ်လာတဲ့ Discount Coupon ကိုပြတော့ သူတို့ဆီမှာ ဝယ်ရမှာ မဟုတ်ဘူးတဲ့… တိုးရစ်ကောင်တာ သက်သက်ရှိတယ်တဲ့ ဟိုဘက်နားအဆောင်ကို ပြတယ်… သူကလဲ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး… ကိုယ်တွေလဲ ကြောင်တောင်တောင်နဲ့ သူပြတဲ့ဘက်ကို လျှောက်သွားလိုက်တယ်… တိုးရစ်ကောင်တာက အဆောင်လေးသပ်သပ်ပေါ့… အဲ့ဒိက ကောင်မလေးတွေကတော့ အင်္ဂလိပ်လို ပြောတတ်ကြတယ်… ကောင်မလေးက သဘောကောင်းတယ်… ကျွန်မတို့ ရောက်သွားတဲ့အချိန်က ၄နာရီ ၁ဝမိနစ်လောက်ရှိနေပြီဆိုတော့ သူက ၄နာရီခွဲဆိုရင် ပန်းခြံဝင်ခကို စျေးပိုချပေးတယ်တဲ့… စောင့်မလားဆိုတော့ ကိုယ်လဲ မိနစ် ၂ဝနဲ့ ဝမ်၈၀၀၀ လောက်သက်သာမယ်ဆိုတော့ Bibimbap တစ်ပွဲဖိုးလောက်ရှိတော့ စောင့်ဖို့ဆုံးဖြတ်လိုက်တယ်… မဗေဒါအစ်မကလဲ သက်တောင့်သက်သာရှိမဲ့ အကျီင်္တစ်ထည်ဝယ်ဖြစ်တယ်… မဗေဒါကလဲ အသက်ကြီးလာတော့ အဲ့ဒိ Ride တွေ ဒီလောက်မစီးနိုင်တော့ဘူး… အထူးသဖြင့် ပင်ပန်းရင်ပိုမစီးနိုင်ဘူး… နေကလဲ ပူနေတော့ ရေခဲမုန့်စားချင်စိတ်ဖြစ်သွားတယ်… ဒါနဲ့ ဟိုဘက်နားက စူပါမတ်ကတ်ဝင်ကြည့်ရင်း ရုပ်ရှင်ထဲမှာ သူတို့တွေစားနေကျ ပလပ်စတစ်ချောင်းထဲမှာ အဲဒိ ပလက်စတစ်ချောင်းခေါင်းကို ချိုးပြီးစုတ်စားရတဲ့ ရေခဲချောင်းဝယ်စားဖြစ်တယ်… အရသာက ထင်ထားတာထက် တော်တော်ကောင်းတယ်… စျေးကလဲ ချိုပါ့… ဝမ် ၃၀၀ ပဲပေးရတယ်... ကျန်တဲ့ ၂ယောက်တောင် ကြိုက်သွားလို့ လိုက်ဝယ်စားကြတယ်… ရေခဲချောင်းလေးစားလိုက်မှ လန်းဆန်းသွားတော့တယ်…



Gangnam ကိုသွားတဲ့ကား ဟုတ်လားလို့ မေးတာကိုပါ ကိုရီးယားလို ရေးပေးထားတယ်...


၄နာရီခွဲမှ ကောင်တာမှာ သွားဝယ်တော့ ကျွန်မတို့ ၁ယောက်ကို ဝင်ကြေး ဝမ် ၃သောင်းစီပဲ ပေးရတယ်… ၄နာရီခွဲ Discount ရော၊ Coupon ရော ၂ခုလုံးရတယ်… အစက မူရင်းစျေး ဝမ် ၄သောင်း ၆ထောင်ကို Discount coupon သုံးရင် ဝမ် ၃သောင်း ရထောင်နဲ့ရမှာ။ ခုတော့ ၃သောင်းပဲ။ (ခုရေးနေရင်းနဲ့မှ Everland website မှာ ထပ်သွားကြည့်တော့ Double Discount မရဘူးလို့ရေးထားတယ်… ကျွန်မတို့ ဘာလို့ရခဲ့လဲတော့ မသိ)… အဲဒါနဲ့ တစ်ခါတည်း အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေ့တုန်း အပြန်ဘယ်လိုပြန်ရမလဲပါတစ်ခါတည်းမေးလိုက်တာပေါ့… ကောင်မလေးက သဘောကောင်းပါတယ်… ကျွန်မတို့က သူပြောတာတောင် ယောင်လည်လည်ဖြစ်နေလို့ စာနဲ့ပါ သေချာရေးပြတယ်… အမှန်တော့ Seoul ကို bus 5007 ပြန်စီးရမယ်ဆိုပေမဲ့ အဲဒိ 5007 ရပ်တဲ့ နေရာကိုသွားဖို့ Everland ထွက်ပေါက်ကနေ Carpark 5 က Shuttle bus ကို စီးရမှာ… ၂ဆင့်စီးရမယ်ဆိုတော့ ကျွန်မတို့က မျက်စိလည်သွားတာ… သူရေးပေးတဲ့ စာရွက်ပျောက်မှာစိုးလို့ တစ်ခါတည်း ဓာတ်ပုံရိုက်ထားလိုက်တယ်… ပြီးရော….


ဒီနေရာကို ထပ်ရောက်ခဲ့ပြန်ပေါ့...


ဒီအပင်ကြီးကို ထပ်ရိုက်ခဲ့ပြန်ပေါ့...


ချစ်စရာ Decoration လေးတွေ...

Everland ကတော့ ကျွန်မအတွက်ဒုတိယအကြိမ်ထပ်ရောက်ခဲ့တဲ့ နေရာပေါ့… ပထမတစ်ခေါက်ရောက်ခဲ့တာတောင် မနေ့တနေ့လိုပဲ အဲ့ဒိနေရာကိုလဲ ရင်းနှီးနေတုန်းပဲ… ဝင်ပြီး စီးစရာတွေ့တာနဲ့ ကဲ စီးကြမယ်ပေါ့… ကျွန်မအစ်မက အဲ့ဒါတွေစီးရတာ သိပ်ကြိုက်တာ… ကျွန်မသူငယ်ချင်းကတော့ ရောက်တာတန်အောင် အကုန်လုပ်တယ်… ငြင်းတာကိုးမရှိဘူး… သူက ကျွန်မထက်ခံနိုင်ရည်ရှိတယ်… ဒီတော့လဲ ကောင်းပါတယ် သူတို့ ၂ယောက်စီးကြပေါ့… ကျွန်မကတော့ နောက်ရက်တွေအတွက်ပါ ကိုယ့်ကိုကိုယ်ထိန်းရမယ်… ဒါတောင် ပထမ Ride ကို သူတို့ အဆွယ်ကောင်းလို့ တက်စီးလိုက်သေးတယ်… ဗွီဒီယိုတောင် စီးနေရင်း ရိုက်လာဖြစ်သေး… မဗေဒါက အမြင့်ကို မကြောက်ပါဘူး… ဒါပေမဲ့ လည်ရင်တော့ မူးတာကို မကြိုက်ဘူး… သူတို့ Ride တော်တော်များများက လူကို လှည့်ပြီး ဇောက်ထိုးမိုးမျှော်တာတွေက များတယ်… ခုတက်စီးတဲ့ဟာဆိုလဲ လည်လဲလည် လွှဲလဲလွှဲပေါ့… အဲဒါစီးပြီး လူက အရမ်းမဟုတ်ပေမဲ့ နည်းနည်းတော့ မူးချင်ချင်ဖြစ်သွားတယ်… နောက်တစ်ခု ထပ်စီးရင် သေချာပေါက်မူးပြီ… ကိုယ့်ကိုကိုယ်လဲ အားမရပါဘူး…


အဲဒိကနေ ရေပန်းတွေလွှတ်တယ်


T-Express ဆီက အပြန် ရေပန်း show လုပ်သွားတဲ့ နေရာ...

သူတို့ကတော့ T-Express ကို ဆီကိုသွားတဲ့လမ်းမှာ Roller Coaster တစ်ခု ဝင်စီးလိုက်သေးတယ်… သူတို့စီးတဲ့အချိန်ကိုယ်လဲ စောင့်ရင်းနားရတာပေါ့… နောက်တစ်ခု သူတို့စီးတဲ့ Double Rock Spin ဆို လူတွေက အသားကင် (kebab) ကျနေတာပဲ ထိုင်ခိုင်းထားပြီးတော့ လှည့်တာ လှည့်တာဆိုတာ ပြောမနေနဲ့တော့… ကိုယ်မစီးပဲ ကြည့်တာနဲ့တင် အဲဒါကြီး မစီးချင်တာ… ကိုယ်လဲ ငယ်ငယ်က အားလုံးနီးပါး စီးဖူးပြီးပြီဆိုတော့ အရသာသိနေပြီ… အဲဒါစီးပြီးတော့ သူတို့ ၂ယောက် နည်းနည်းတော့ မူးသွားပုံရတယ်… T-Express Wooden Roller Coaster ဘက်အသွားမှာ Parade လိုမျိုး ဝတ်စုံတွေနဲ့ အလှပြယာဉ်တွေနဲ့ ကပြနေတာတွေ့လိုဝင်ကြည့်လိုက်တော့မှ သူတို့က ရေတွေနဲ့ပါ ပရိတ်သတ်ကိုတကယ်ပက်တာ… တချို့တွေကတော့ မိုးကာအကျီဝတ်ထားပြီးသားတွေ… ကိုယ်ကတော့ ကိုယ်စိုတာ ကိစ္စမရှိ… ရိုက်နေတဲ့ ကင်မရာကို ကာကွယ်ရတယ်… ဒါပေမဲ့ ရေနဲ့ပက်ခံလိုက်ရတော့မှ ခေါင်းမူးပြီး အီလည်လည် နုံးတုန်းတုန်း ဖြစ်နေတာ ပျောက်ပြီး ပြန်လန်းသွားတယ်… ပြီးတော့ သူတို့ ၂ယောက်စီးတဲ့ T-Express မှာ ထပ်စောင့်ရပြန်ရော တော်တော်ကြာကြာစောင့်ရတယ်… Everland က ဟိုဘက်မှာ အကျယ်ကြီးရှိသေးတယ်… တိရိစ္ဆာန်ရုံလို ဟာမျိုးလဲရှိတယ်ဆိုတာသိပေမဲ့ ကိုယ်ရောက်တဲ့အချိန်ကလဲ နောက်ကျနေတော့၊ သူတို့ စီးချင်တာတွေပဲ ပေးစီးလိုက်တော့တယ်… အနှံ့တော့ မရောက်မှာ သေချာနေပြီလေ…. အနှံ့သွားချင်ရင်တော့ မနက်ကတည်းကလာပြီး တစ်နေကုန်နေမှရမယ်ထင်တယ်… အဲဒါပြီးတော့မှ စောစောကလာလမ်းအတိုင်းပြန်လျှောက်ပြီး စောစောက ရေဖြန်းတဲ့နေရာရဲ့ တစ်ဖက်မှာတော့ ပန်းခင်းကြီးရှိတယ်… Running man episode 65-66 မှာ သူတို့ လူတွေကို စုပြီးခေါ်လာရတဲ့ နေရာပေါ့… အဲဒိမှာ ပန်းတွေက ရာသီလိုက် အမြဲပြောင်းစိုက်တယ်ထင်တယ်… အရမ်းလဲ လှတယ်… ကာတွန်း ရုပ်လေးတွေကို ပန်းနဲ့ပုံဖော်ထားတာတွေလဲရှိတယ်… အစုံပါပဲ… Amusement Park ကိုတော့ လူတိုင်းရောက်ဖူးကြမယ်ဆိုတော့ အသေးစိတ်ပြောမနေတော့ပါဘူး… ဒါပေမဲ့ Amusement Park ရောက်တိုင်း ဘယ်သွားသွားကြားနေရတဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ တီးလုံးလေးတွေနဲ့ ပျော်စရာပတ်ဝန်းကျင်လေး ဖန်တီးပေးထားတော့ ကလေးဆန်တယ်ပဲဆိုဆို ကိုယ့်ကိုကိုယ် Fairy Tale ထဲရောက်သွားသလိုပဲ ခံစားရတဲ့ ခံစားချက်ကိုကြိုက်တယ်… ကိုယ်သာ ၁ဝကျော်သက်အရွယ်ဆို ကိုယ့်ဖူးစာရှင် မင်းသားလေးကို တွေ့လို့တွေ့ညား လိုက်ရှာကြည့်ချင်မိမှာပဲ…



ရေထိလိုက်တော့ လန်းဆန်းသွားတယ်...


Running Man ပြိုင်တဲ့ ပန်းခင်းကြီး

အားလုံးက ကာတွန်းကမ္ဘာထဲရောက်နေ သလို...

My Secret Garden... Will I meet with Hyun Bin?

ကိုယ်မရိုက်ခင်က ဘယ်သူမှ မရှိဘူး ကိုယ်ရိုက်မယ်လဲဆိုရော လုယက်ရောက်လာကြတယ်... မနည်းအမြန်ရိုက်ခဲ့ရတယ်...
Young at our heart... We enjoyed fullest...

အဲဒိနေရာရောက်တော့ ညမှောင်သွားပြီ… အဲဒိကနေ ညဘက် မီးရှူးမီးပန်းဖောက်တာကို မစောင့်တော့ပဲ ပြန်မယ်အလုပ်မှာပဲ ညဘက် အလှပြ မီးတွေဆင်ထားတဲ့ ကားကြီးတွေနဲ့ Parade စတော့တာပဲ… အဲဒါရပ်ကြည့်ဖြစ်သေးတယ်… မဗေဒါအစ်မက အဲဒါမျိုးတွေ သိပ်ကြိုက်တာ… မဗေဒါက နိုင်ငံခြားလာတာ နိုင်ငံတကာက မင်းသားတွေအပြင်မှာ မြင်ဖူးချင်တဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိသလို… သူနိုင်ငံခြားလာတာလဲ Amusement Park ကောင်းကောင်းကို လျှောက်လည်ချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်… ဒါပေမဲ့ သူစကာင်္ပူကို ရောက်ခါစက Amusement Park ဆိုလို့ ကချောက်ကြီး ကချောက်ချက် Escape Theme Park ဆိုတဲ့ သေးသေးလေးပဲရှိတာ။ ခုနောက်ပိုင်းမှသာ Universal Studio ပေါ်လာတာလေ… သူအဲဒိ အလှပြကားတွေကြည့်နေတာတောင် ဗွီဒီယိုရိုက်ထားသေးတယ်… ခွိ…
သြစီသွားတုန်းကလဲ Gold Coast က Movie World မှာလဲ Parade ကြုံခဲ့ပါသေးတယ်… ဒါပေမဲ့ သိတဲ့အတိုင်း သြစီက မိုးမချုပ်ခင် ပန်းခြံပိတ်တာလေ…

Fairy Tale come true..

ကားကြီးတွေ လှတယ်... မီးဝတ်စုံလေးတွေ ကလေးလေးတွေက ကြိုက်ပြီး ချစ်စရာကောင်းပေမဲ့ ဝတ်ထားရပြီး ကနေရတဲ့ ဝန်ထမ်းတွေကတော့ အတော်ပူမယ်...

ဒီလိုနဲ့ ကျွန်မတို့ ပြန်တော့ ချောချောချူချူပါပဲ… ပထမ ဘတ်စ်ကားက ကျပ်ပြီးနေရာမရတော့ ကျွန်မတို့ မလိုက်တော့ပဲ နောက်ကားပဲစောင့်စီးလိုက်တယ်… တိုက်စီနဲ့ Korean Folk Village ကလာတောင် တော်တော်စီးရတာ ဘတ်စ်ကားနဲ့ Gangnam အထိရပ်စီးရမယ်ဆို စဉ်းစားသာကြည့်တော့လေ… နောက်ကားလာတော့မှ နေရာအေးဆေးရတယ်…

Everland ရဲ့ Discout Coupon Print ထုတ်ချင်ရင်ပဲဖြစ်ဖြစ်၊ Everland ကို ဘယ်လိုသွားရမလဲ၊ Everland မှာ ဘာတွေစီးစရာ လုပ်စရာတွေရှိလဲ၊ ဘယ်အချိန်ထိဖွင့်လဲ ပိတ်လဲဆိုတဲ့ အချက်အလက်တွေအားလုံးကို
 Everland website  မှာ တွေ့ရှိနိုင်ပါတယ်နော်…

Bus Timetable

ဒီဗီြဒီယိုေလးကေတာ့ Everland မွာ စီးခဲ့တာကို ရုိက္ထားတာပါ...


Eating Dukbokki at Gangnam

Bus 5002 က ကျွန်မတို့ မနက်က Korean Folk Village ကိုစီးတဲ့ ကားမှတ်တိုင်ကိုပဲ ပြန်ရောက်တာပါ။ Gangnam က မနက်ကလဲ လူရှုပ်သလို ညဘက်ကျတော့လဲ လူက စည်ကားနေတာပါပဲ… စကာင်္ပူက Orchard လိုမျိုးပေါ့။ လမ်းတစ်ခုကို ဖြတ်အလျှောက် လမ်းဘေးစျေးသည်လှည်းတန်းတွေတွေ့တာနဲ့ ဝင်မြည်းချင်စိတ်ပေါက်သွားတယ်.. ကိုရီးယားရောက်မှတော့ လမ်းဘေး Dukbokki (Korean Rick Cake) ကို စားခဲ့ရမှာပေါ့… လှည်းပေါ်က တုတ်နဲ့ ထိုးထိုးထောင်ထောင်တွေလဲ စားရမယ်လေ… ဘူဆန်းမှာတုန်းကမစားဖြစ်ခဲ့ဘူး… ဒီနေ့တော့ အခြေအနေပေးတယ်.. ကိုယ်တွေလဲ ဒစ်နာမစားရသေးတော့ အစာပြေဒါအရင်စားမယ်ပေါ့။ Gangnam မို့လို့ထင်တယ် လမ်းဘေးဆိုင်တွေက တခြားနေရာတွေထက် ပိုသားနားတယ်…. ကျွန်မတို့ လူရှင်းတဲ့ ဆိုင်ပဲဝင်လိုက်တယ်… ဆိုင်ရှင်အမျိုးသမီးက အင်္ဂလိပ်လို မဆိုးဘူး ပြောတတ်တယ်… ဝမ်း တူး သရီးဖိုး ပြောတတ်ရင်ကို တော်တော်အလုပ်ဖြစ်နေပြီလေ…

ကောင်းမှကောင်း

ကိုရီးယားမှာ Dukbokki စားကြည့်တော့ စကာင်္ပူက ထက်ပိုစားလို့ကောင်းတယ်။ စကာင်္ပူမှာ စားဖူးသမျှက မကောင်းတော့ Dukbokki ဆိုတာ ကိုရီးယားမှာလဲ ဒီလို အရသာမျိုးပဲဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တန်းကျတော့ စားကောင်းနေတယ်။ စကာင်္ပူက Dukbokki နဲ့ ကိုရီးယားက Dukbokki အရသာကွာတာကဘာလဲဆိုတော့ အနှစ်အရသာက အဲဒိ Rice Cake ထဲကို ထဲထဲဝင်ဝင်ဖြစ်နေတယ်။ စကာင်္ပူက Dukbokki တွေက ပါးစပ်ထဲရောက်လိုက်တာနဲ့ ဆန်လုံးကတခြား ဟင်းနှစ်က တခြားဖြစ်ပြီး ပါးစပ်ထဲမှာ ထမင်းချည်းစားနေရသလိုဖြစ်နေတာ။ နောက်ပြီး တုတ်နဲ့ထိုးထားတဲ့ ဝက်အူလိုလိုဘာလိုလိုကြီးက တကယ်တော့ ပဲလိပ်ထင်တယ်။ သူက စျေးလဲတော်တော်ပေါတယ်။ စားလို့လဲ ကောင်းတယ်… ၀ါးလို့ကောင်းတယ်ဆိုပိုမှန်မယ်… Dukbokki တစ်ပွဲနဲ့ အဲဒိ ပဲလိပ်ချောင်းတွေဘာတွေ သုံးယောက် ဗိုက်အဆာပြေဆိုပြီးစားတာ စုစုပေါင်း ဝမ် ၄၄၀၀ ပဲကျပါတယ်... ဒါပေမဲ့ ကျွန်မတို့နောက်ထပ် ညစာထပ်မစားဖြစ်တော့ပါဘူး... အပြည့်အတင်းမဟုတ်ပေမဲ့ အနေတော်လေး ဗိုက်ပြည့်သွားပါတယ်...

စားလဲစား ရိုက်လဲရိုက်

Let’s explore Gangnam

အဲဒိဆိုင်မှာ စားသောက်နေတုန်းကတော့ ဘေးက ဖြတ်သွားဖြတ်လာလူတွေကို အရမ်းကြီး သတိမထားမိပါဘူး... စကာင်္ပူက အော့ချက်လိုပဲ သားသားနားနားတွေဝတ်စားပြီးသွားလာနေကြတယ်ဆိုတာလောက်ပဲ စိတ်ထဲရှိပါတယ်... စားပြီးသောက်ပြီးတော့လဲ ဖုန်းကိုကြည့်လိုက်တော့ Wifi မိနေတာနဲ့ တစ်နေကုန် အဆက်ပြတ်ခဲ့သမျှတွေကို ပြန်ကြည့် ဓာတ်ပုံရိုက်လာတာ တစ်ပုံ နှစ်ပုံ ဖေ့ဘွတ်ပေါ်ကောက်တင်... သုံးယောက်သား လှည်းနဲ့ဆိုင်တွေအဆုံးနားလေးမှာ လမ်းဘေးလေးကပ်ပြီး wifi ကိုသုံးတာ သုံးတာဆိုတာ... သုံးလို့ နည်းနည်းဝပြီး သတိလေးပြန်ဝင်တော့မှ ကိုယ်တွေရပ်နေတာ အမှိုက်အိတ်တွေစုထားတဲ့ အမှိုက်ပုံဘေးဖြစ်နေတယ်... (သေချာထုတ်ထားတော့ အန့ံက မရဘူးလေ)... အင်တာနက်ကလဲ ဂန်နမ်မှာ မြန်သလားမမေးနဲ့... ဒါတောင် Free Public wifi နော်... စကာင်္ပူကတော့ အော့ချက်မှာ အဲလို ၀ိုင်ဖိုင်ပေးနိုင်ဖို့ အတော်လိုက်ယူရအုံးမယ်...

ဒါနဲ့ ကဲပါလေ အင်တာနက်သုံးတာရပ်ပြီး ဂန်နမ်လေးကို ပတ်လိုက်ဖို့ ပြင်ဆင်လိုက်တာပေါ့... ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် Psy ပြောသလို Gangnam Style ဆိုတာ "Dress Classy, dance cheesy" ပဲထင်တယ်... သူတို့ Dance တာတော့ ကလပ်ဝင်ကြည့်မှ တွေ့မှပဲ... ဒါပေမဲ့ လမ်းပေါ်မှာ ဝတ်ထားကြတာတွေကတော့ အလန်းတွေချည်းပဲ... လူငယ်တွေချည်းပဲ လူကြီးတောင် မတွေ့ခဲ့ဘူး... ကောင်မလေးတွေ ကောင်လေးတွေဆိုတာလဲ ပိန်ပါး သန့်ပြန့် လန်ထွက်ပေါ့... ကျွန်မတို့သုံးယောက်ကတော့ မနက်ကတည်းက လက်လက်စင်အောင် လျှောက်သွားထားတော့ ကြောင်ချီးရုပ်နဲ့ သုံးယောက်ဖြစ်နေတာ... မတတ်နိုင်ဘူးလေ သူတို့ အဲလောက်လန်အောင်ဝတ်ပြီးမှ ဂန်နမ်လာမှန်း ကိုယ်မှ မသိတာ.. ကိုယ်လဲ ကိုယ့်ကိုကိုယ် သတိမထားမိခင်မှာတောင် ကိုရီးယား ကောင်လေးတွေ ကောင်မလေးတွေ လန်ထွက်ချောမောနေတာတွေကို လိုက် ငမ်း (အဲလေ) လိုက်ငေးရင်း လျှောက်နေမိသေးတာ... နောက်မှ ကိုယ့်ကိုကိုယ် ၀ိဉာဏ်ကောင်လိုပဲ လူတွေက ကိုယ့်ကိုရှိမှန်းတောင် သိရဲ့လားမသိဘူး.. (ဟောင်ကောင် Lang Kwai Fong သွားတုန်းကလိုပဲ) ... အသိဝင်တော့မှ သုံးယောက်သား အချင်းချင်းကြည့်ပြီး ရီမိကြတယ်... ဒါနဲ့ပဲ ဒီမှာကြာကြာနေရင် Depression ပါဖြစ်သွားနိုင်တယ်... ကိုယ့်လောက်ခန္ဓာကိုယ်တောင် တစ်ယောက်မှမရှိဘူး.. ပိန်လှပ်နေကြတာ... Gangnam ဆိုတာ ဒါပါလားသိသွားပြီဆိုတော့ တော်သေးပြီပေါ့... ဒီလိုနဲ့ပဲ Myeongdong ကို ရထားပြန်စီးပြီး မနက်ကလာတဲ့ လမ်းအတိုင်း တမျှော်တစ်ခေါ်ကြီး ကုန်းပေါ်ပြန်တက်... တည်းခိုခန်းရှိတဲ့ ကုန်းအောက်ပြန်ဆင်းပြီး တည်းတဲ့နေရာကို သွားဖြစ်ခဲ့ကြတယ်... အဲဒိနေ့ကတောင် လမ်းမှာ ဖြတ်လမ်းတွေ့လို့တွေ့ညားဆိုပြီး လမ်းတစ်ခုကို ဝင်ကြည့်သေးတယ်... ဒါပေမဲ့ လမ်းက မှောင်ပြီး လမ်းဆုံးက အပိတ်ကြီးဖြစ်နေလို့ ပြန်လျှောက်လာရတယ်... (PS. နောက်မှ ကိုရီးယားက စက်ရုံကထုတ်တဲ့အတိုင်း ဆရာဝန်တစ်ယောက်ထဲလက်က ထွက်တဲ့အတိုင်း တူနေတဲ့ရုပ်လေးတွေနဲ့ ကောင်မလေးတိုင်းလိုလိုရဲ့ မျက်ခွံပေါ်က အမာရွတ်လေးတွေအကြောင်းပြောပြအုံးမယ်)

Gangnam က လမ်းတစ်ခု... လူတွေကိုကျ ဓာတ်ပုံလျှောက်ရိုက်လို့မကောင်းတော့ မရိုက်ခဲ့မိဘူး...

တည်းခိုခန်းပြန်ရောက်တော့ ရေမိုးချိုး တစ်နေ့ကုန်သွားပြန်ပါပေါ့လေ... ဒါနဲ့ ညကျတော့ ကိုဖေစစ်နိုင်က ဖုန်းဆက်ပြီးနောက်နေ့ အစီအစဉ်ကိုမေးပါရော... သူနဲ့ စနေနေ့တွေ့မယ်ချိန်းထားတာကိုး... ဒါပေမဲ့ ကိုယ်ကလဲ Seoul အတွက်ကျတော့ သေချာ Itinerary ဆွဲမလာခဲ့မိတော့ ဘယ်သွားမလဲ မစဉ်းစားရသေးဘူး... ဒါပေမဲ့ သူဖုန်းခေါ်မေးတာကို ကျေးဇူးတင်ရမယ်... မစဉ်းစားချင်လဲ စဉ်းစားရတော့မယ်လေ... မဗေဒါက အဲလို့ မီးထိုးပေးနေမှ အိမ်စာလုပ်တာ... ဟဲ... ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်မတို့ ကိုရီးယားရောက်နေတာ ဖေ့ဘွတ်ကနေ ကျွန်မတို့နဲ့ စကာင်္ပူမှာသိခဲ့တဲ့ အစ်မကြီးတစ်ယောက်ကတွေ့ပြီး တွေ့ဖို့လဲဆက်သွယ်ထားတော့ သူနဲ့ မနက်ဖြန်တွေ့ဖို့ချိန်းထားသေးတယ်... Schedule တွေ တိုက်ကုန်တော့မယ်... ဟိ... ဒါပေမဲ့ အဲ့အစ်မကြီးကတော့ မနက်ပိုင်းပဲ တည်းခိုခန်းကိုလာတွေ့မယ် စကားလေးဘာလေးပြောမယ်တဲ့... မဗေဒါ အစ်မကလဲ သူနဲ့ ဖုန်းပြောရင်းချိန်နေတာ... ကိုဖေစစ်နိုင်က သွားချင်တဲ့နေရာတွေကဘာတွေလဲပြောကြည့်ဆိုတော့... ကိုယ်က Petite France နဲ့ Nami Island လဲ တစ်ရက်အချိန်ပေးသွားရမယ်... မြို့လယ်ခေါင်မှာ ချောင်းလိုလို မြောင်းလိုလို ရုပ်ရှင်တွေထဲပါတတ်တဲ့နေရာလဲ (Cheongyecheong stream) သွားချင်တယ်၊ မြို့လည်ခေါင်မှာ ထိုင်နေတဲ့ ဘုရင်ရုပ်ကြီးနေရာကိုကျတော့ မဗေဒါအစ်မရဲ့ Must go စာရင်းထဲပါနေတော့သွားချင်တယ်၊ Dongdaemung တို့ တခြား မြို့ထဲကနေရာတွေလဲ သွားချင်တယ်ဆိုတော့... အစ်ကိုက မြို့ထဲက သူလိုက်ပို့ပေးမယ်တဲ့... Petite France နဲ့ Nami Island (Winter Sonata ရိုက်တဲ့ ကျွန်း) ကိုတော့ သူ မလိုက်တော့ဘူးတဲ့... ဒါဆို မနက်ဖြန်ကို တခြားချိန်းထားတဲ့ အသိအစ်မကြီးလဲ လာမယ်ဆိုတော့ သူမလာတော့ဘူးတဲ့ မနက်ဖြန်ကို Nami Island ဘက်သွားလို့ သူက ဆုံးဖြတ်ပေးလိုက်တယ်... အဲ့ကျမှပဲ အိမ်စာပြီးသွားတော့တယ်... လူတောင် စဉ်းစားလိုက်ရတာ ခေါင်းတော်တော်မူးသွားတယ်။ ဒီလိုနဲ့ မနက်ဖြန် ဆက်ရမဲ့ ခရီးကိုလဲ ဆုံးဖြတ်ပြီးပြီဆိုတော့ စိတ်ချလက်ချ အိပ်လို့ရသွားတာပေါ့...

အောက်က ဗွီဒီယိုလေးကတော့ Bonus အနေနဲ့ပေါ့နော်.... Double Rock Spin သူတို့ စီးနေတုန်းရိုက်ထားတာ... ပြီးတော့ အဲ့ဒိနေ့က Vlog လေးပေါ့...

Bonus Video of a ride at Double Rock Spin

16 comments :

Anonymous said...

fb မှာ ည၁၂ခွဲနေပြီ video file လဲတင်ရသေးဘူးပြောလို့ နောက်နေ့မှတက်မယ်မှတ်တာတော် ဇွဲ.. ဇွဲ ကောင်းလိုက်တဲ့ courage တကယ်
blog ကြည့်လိုက်တော့ အသက်ကြီးလာလို့လားမသိဘူး ငယ်ငယ်ကဆို ၃ခုလောက်စီးပြီးမှ မူးတာဆိုလို့ ရယ်ရသေးတယ် .. အသက်ကြီးပေမယ့် ဝိုင်းတို့ထက်တော့သွက်ပါသေးတယ်ဟယ် ဝိုင်းဆို မဗေဒါနဲ့ရွယ်တူပေမယ့် အဲလောက် energetic မဖြစ်တော့ဘူးထင်တယ် သူ့ကိုကြည့်ရတာ သမီးလေးက စားလဲစား ကစားလဲကစား သွက်သွက်လက်လက်ထက်ထက်မြက်မြက်ရှိလိုက်တာလဲ မပြောပါနဲ့တော့ ဆိုသလိုဖြစ်နေပြီ ဟားဟား ဒီမှာတော့ Thope park ကိုလက်မထပ်ခင်လွန်ခဲ့သောလေးနှစ်လောက်ကသွားလိုက်တာ Nemesis လားဘာလားမသိဘူး စီးပြီး မူးလွန်းကြောက်လွန်းလို့ နှစ်ယောက်လုံး fast pass တွေလဲဆုံး အရှုံးခံပြီးပြန်လာတယ် loser ကြီးတွေပေါ့ အမျိုးသားက ပိုတောင်ကြောက်သေးတယ်ဆိုးပါ့ ဒါနဲ့ အဲ့တုတ်ထိုးတွေစားချင်တယ်ကွယ် အခုမှ ကိုယ့်ကိုယ်ကို သတိထားမိတာ ခရီးသွားပို့စ်ဖတ်တိုင်း အစားစားတဲ့နေရာအကြိုက်ဆုံးပဲ နောက်ပို့စ်လဲ စားစရာဘာစားစား ထည့်ရေးတင်ပေးနော် အတည်ပြောတာ

ခင်တဲ့
Wine

Anonymous said...

စောကြီးထပီးဖတ်သွားပီ ကြည်နူးစရာ ချစ်စရာ ဗီဒီအိုကြည့်ပီး လိုက်စီးနေရတဲ့အတိုင်းပဲ ဟိ

ယမ်ယမ်

ဆွေလေးမွန် said...

ဖတ်ပြီးပြီ ပျော်စရာကြီး

Anonymous said...

ညန်မာပြည်မှာဆို..ဘိုလိုလုပ်မရဲနတိဝူး။1MB-10Ksတန် ooredooတောင်တခါတလေလိုင်းကကျချင်ချင်ရယ် :D
လိုင်းမကောင်းလို့ Youtubeတော့ကြည့်ုလို့ရဝူး။အမခရီးသွားမှတ်တမ်းတွေဖတ်ရတာကိုယ်ကိုယ်တိုင်သွားရသလိုပဲ. ^_^
@Ahthu

မဒမ်ကိုး said...

ဖတ်ပြီးသဘောတွေကျလိုက်တာဆိုတာတကယ်ရောက်သွားသလိုမျောသွားတယ်

shin said...

Dukbokki ဆိုတာ ဘာလဲလို့ google သွားလုပ်ကြည့်လိုက်သေးတယ်။ ဟုတ်တယ်။ ကိုယ်လဲ စင်ကာပူကDukbokki မကြိုက်ဖူး။ အနှစ်အရသာက တခြား Rice Cake ကတခြားဖြစ်နေတယ်လို့ခံစားရတယ်။ နောက်ပြီး ဒီက အရသာက နဲနဲချို နေသလားလို့။ ဟိုက Dukbokki ကစပ်လားဟင်? မဗေဒါ အမကတော့ တကယ် သတ္တိခဲပဲ။ ကိုယ်တော့ အသက်ကြီးလာလို့လား မသိဖူး။ အဲ့ဒါတွေ သိပ်မစီးရဲတော့ဘူး။အရင်တုန်းကစိတ်နဲ့ဆိုရင် ဘယ်လောက်မြင့်မြင့် တက်စီးကြည့်လိုက်တာပဲ။ ပြီးခဲ့တဲ့နှစ် Disneyland သွားလည်တုန်းကတောင် roller coaster စီးမလို့ တန်းစီပြီးမှ လူတွေအော်တဲ့ အသံကြားတော့လန့်ပြီး ပြန်ထွက်လာခဲ့တယ်။ ဟီး။ ဪ။ ဇရာ ဇရာ။ ဒါတောင် Disneyland ထဲမှာ သရဲဟိုတယ်က ဓတ်လှေကားပျက်ကျတဲ့ Ride ကိုသွားစီးလိုက်သေးတယ်။ အဲ့ဒါတွေ့တော့ ဒီ Ride က မဗေဒါ ဘလော့မှာ ရေးဖူးတဲ့ ဂျပန် Disneyland မှာစီးခဲ့တဲ့ဟာဆိုပြီးတော့တောင် အမှတ်ရသေးတယ်။

mabaydar said...

Fast pass တွေဆုံးခံလိုက်တယ်ဆိုတာ ဘယ်က Theme park မှာလဲ... အမှန်တော့ လူကြီးတွေပါရင် စီးဖြစ်အုံးမှာ... ခုကျတော့ ကိုယ့်ပစ္စည်းကိုယ်ကိုင် ကိုယ့်ဟာကိုယ်လုပ်ရမှာဆိုတော့ ကိုယ့်ကိုကိုယ် ထိန်းတာပဲ ကောင်းမယ်လေ... အဲ့ဒါကြောင့် မလုပ်တော့တာ...

mabaydar said...

အကြွေး အလျင်အမြန်စပ်လိုက်တာ…

mabaydar said...

ယမ်ယမ် ရေ... ကျေးဇူးတင်ပါတယ်... နောက်လဲ အားပေးပါ... :D

mabaydar said...

ဟီး… လိုင်းကောင်းတဲ့ အချိန်ကျ ဗွီဒီယိုလေး ထပ်လာအားပေးသွားအုံးနော်…

mabaydar said...

ဟုတ်… အစ်မ မဒမ်ကိုး… အစ်မရော စာတွေ ပြန်ရေးနေပြီလား… လာလည်သွားလို့ ကျေးဇူးပါ…

mabaydar said...

ကွန်မန့်ကို ၂နေရာလုံးမှာ ပေးသွားလို့ ကျေးဇူးကမ္ဘာပါ… ကိုရီးယားတွေရဲ့ Sauce ကိုက မြန်မာပါးစပ်နဲ့ဆိုရင် ချိုစပ်ကြီးလို့ပြောရမယ်... စလုံးက ထက်စာရင်တော့ စပ်တယ်... ဒါပေမဲ့ အဲဒိ ချိုတဲ့အရသာကတော့ နည်းနည်းရှိတာပဲ... ဒါပေမဲ့ ကင်ချီလိုဟာတွေ အနှစ်နဲ့ ပါးစပ်ထဲမှာလဲ ပူစပ်စပ် အနှစ်က Rick cake ထဲ ၀င်တော့ စားရတာ ကောင်းပါတယ်... ကိုရီးယားစာတွေကို ပါးစပ်ကျင့်သားရသွားတာရယ် ဗိုက်ဆာနေတာရယ်ကြောင့်လဲ ပါမယ်ထင်တယ်...

Anonymous said...

ရှုခင်းလေးတွေလှတယ်နော်။ဥေ၇ာပနဲ.တူတယ်။ကိုယ်တိုင်ေ၇ာက်သလိုပဲခံစား၇တယ်။ငယ်တုန်းမှာလည်၇တာသွားသာသွား။
အားကျတယ်။

blackroze said...

Double Rock Spin ဆိုတာကြီးက ကြည့်ရုံနဲ့တင် အသည်းတွေ အူတွေတုန်တယ် အမရယ်..
ပစ်သာ အဲတာကြီးတက်စီးရရင်တော့ ..အမလေးးးလေးးးးး ....နှလုံးခုန်ရပ်မလား မသိပါဘူး...

Ashley Myat said...

အစ်မရဲ့ ခရီးသွားပို့စ်လေးကို အားရပါးရ ဖတ်သွားပါတယ်ရှင့်
ကိုယ်ကိုသာ သေချာအလုံပိတ်ထားရင် ဘယ်လောက်မြန်မြန် စီးရဲတယ်
ပျော်စရာကြီး ........

သူကြီးမင်း (တုံးဖလား) said...

ကိုရီးယားက လူတွေတင် လှတာ မဟုတ်လောက်ဘူး ရှုခင်းတွေနှင့်ကြည့်စရာတွေလဲ အပျံစားဘဲ ထင်တယ်။ မရောက်ဖူးသေးတော့ ငမ်းရုံဘဲပေါ့။ မျက်ခွံပေါ်က အမာရွတ်လေး အကြောင်း စိတ်ဝင်စားတယ်။ စောင့်နေမယ်။ နောက်ပို့စ်ကို။