Sunday, July 20, 2014

The Beginning: How to Travel Smart to Korea (Tips and Info)

Photo Credit to http://www.ytravelblog.com/how-to-plan-a-trip-travel-research/

ဒီခရီးကို အလုပ်က စလုံးသူငယ်ချင်းနဲ့ စကားပြောမိရာကနေ သွားချင်လဲ သွားမယ် မသွားချင်လဲ မသွားဘူးဆိုပြီး ယာထားခဲ့တာပါ... ဖြစ်နိုင်ရင်တော့ ကျွန်မက တခြားမရောက်ဖူးတဲ့နိုင်ငံတစ်ခုကို ပိုသွားချင်တာပေါ့... ဒါပေမဲ့ ကျွန်မနဲ့ခရီးသွားနေကျသူငယ်ချင်းကလဲ ကိုရီးယားသွားချင်တယ်ဆိုတော့ ကိုရီးယားမဲများနေတာနဲ့ ဂျဲဂျူးတော့ ကျွန်မရောက်ဖူးလို့ မသွားတော့ဘူး... Busan နဲ့ Seoul ကိုသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်... ဆုံးဖြတ်သာ ဆုံးဖြတ်တာ သွားမယ်မသွားဖူးဆိုတာက ခရီးမသွားခင် ၃ပတ်လောက်အထိ မသေမချာရယ်ပါ... အဓိကကတော့ သွားမဲ့အချိန်အားရက်ကို တစ်ယောက်နဲ့တစ်ယောက် ညှိမရဖြစ်နေတာပါ... ကျွန်မက ဇူလိုင်လစပိုင်းလောက် ကျောင်းမဖွင့်ခင် သွားချင်တယ်... ကျွန်မအစ်မက အဲ့ဒိရက်ပိုင်း Business Trip ရှိတယ်... သူငယ်ချင်းကတော့ သြဂုတ်လမအားတာကလွဲလို ကျန်တာ အိုကေတယ်... စလုံးသူငယ်ချင်းကကျတော့ သူ့အဖိုး အရိုးအိုးနေရာပြောင်းတာက ဇူလိုင်လတွင်းလောက်ဖြစ်မယ်ဆိုတော့ နောက်တစ်ချိန်အားလုံးအားမဲ့ ရက်ပိုင်းက စက်တင်ဘာလောက်မှရမယ်... ကျွန်မအတွက်ရပေမဲ့ ကျွန်မ schedule တွေက အဲ့ဒိရက်ဆိုရင် သိပ်ကျပ်သွားနိုင်တယ်လေ... ဒါပေမဲ့ နောက်ဆုံးတော့ စလုံးသူငယ်ချင်းက မလိုက်တော့ဘူးတဲ့ သူ Europe သွားဖို့ပဲ ပိုက်ဆံစုတော့မယ်ဆိုတာရော ကျွန်မအစ်မ Business Trip က မနက်ပြန်ရောက် ညနေလေယာဉ်နဲ့ ကျွန်မတို့နဲ့လိုက်ဖို့ ဇူလိုင်လ ၈ရက်နေ့ ညထွက်ပြီး ၁၄ရက်နေ့ ပြန်လာဖို့ သေချာသွားတယ်...

ကိုယ်တွေခရီးသွားဖို့ ပြင်ဆင်ကြတော့ တစ်ယောက်သောသူက သူလဲ လိုက်ချင်တဲ့ အရိပ်ယောင်ပြတာနဲ့... ကဲလိုက်ချင်လဲ လိုက်ဖို့ခေါ်လိုက်ပါတယ်... အကြောင်းကတော့ အဲဒိ ခရီးသွားဖို့ မစီစဉ်ခင်ကတည်းက အွန်လိုင်းမှာ အားကျ ရင်းနှီးခဲ့ရတဲ့ PARKU ဆိုတဲ့ Short Documentary ကိုရိုက်ခဲ့တဲ့ ကိုရီးယားက Director ကိုဖေစစ်နိုင်နဲ့ ရင်းနှီးခဲ့ပါတယ်... (သူ့ Documentary လေးကို ဒီမှာကြည့်လို့ရပါတယ်) စကားပြောကြရင်း သူက ကင်မရာကိုင်ပြီး ဗွီဒီယိုရိုက်ရတာကို ကြိုက်တာ မော်ဒယ်မရှိလို့တဲ့... မဗေဒါလုပ်ထားတဲ့ ဗွီဒီယိုတွေကိုလဲ အိုင်ဒီယာကောင်းတယ်လို့ (အားနာလို့ပြောတာမဟုတ်ပဲ တကယ်ပြောတယ်လို့ ဇွတ် ယူဆထားတယ် :P ) ပြောဖြစ်ရင်း Pre Wedding Video ရိုက်ဖို့ ကိုယ့်ဟာကိုယ်ရိုက်ရင်းကောင်းမလား ဆိုင်နဲ့ပဲရိုက်ရင်ကောင်းမလား မသိဖြစ်နေတဲ့အကြောင်းရောက်သွားတယ်... ကိုယ့်ဟာကိုယ်လုပ်ချင်ပေမဲ့ ကင်မရာမန်းမရှိဘူး... ကိုယ်တိုင်လဲ ကင်မရာကောင်းကောင်းမကိုင်တတ်ဘူး... အိုင်ဒီယာလေးတွေတော့ရှိတယ်ဆိုတော့ သူက မဗေဒါတို့ ၂ယောက်သာ ကိုရီးယားလာခဲ့ မဗေဒါစိတ်တိုင်းကျ ကျွန်တော်ရိုက်ပေးချင်တယ်လို့ပြောဖူးတယ်လေ... ဒါနဲ့ တစ်ယောက်သောသူက လိုက်မယ်ဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့... အစက Seoul မှာနေပြီးမှ နောက်ဆုံး ၂ရက်ကို Busan သွားဖို့လုပ်ထားတာ... ကိုဖေစစ်နိုင်နဲ့စကားပြောဖြစ်တော့ Weekend ကို Seoul မှာနေပါတဲ့... သူလဲ အားတော့ လိုက်ရိုက်ပေးမယ်တဲ့... ဒါပေမဲ့ ကိုယ့်ကိစ္စကြောင့် ကျန်တဲ့ ခရီးသွားဖော်တွေကို ခရီးစဉ်ပြောင်းလို့ မကောင်းဘူးလေ... သူတို့လက်ခံနိုင်လောက်မဲ့... ခိုင်မာတဲ့ အကြောင်းပြချက် သူတို့အတွက်လဲ ပိုကောင်းမဲ့ အကြောင်းပြချက်ကိုပြောပြီး အစီရင်ခံတင်ရတာပေါ့... တကယ်လို့ Busan မှာ နောက်ဆုံး နေပြီး အဝေးပြေးရထား KTX နဲ့ SG ကို ပြန်ဖို့ Incheon ကိုပြန်လာရင် လမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်မမှီပဲ နောက်ကျနိုင်သလို အရမ်း Rush ဖြစ်နိုင်တယ်လေ... Korea ကို ပထမဆုံးရောက်တဲ့နေ့ပဲ အဝေးပြေးရထား KTX နဲ့ တန်းပြီး Busan သွားလိုက်ရင် အချိန်ကုန်လဲ သက်သာမယ် ပြန်မဲ့နေ့ကျလဲ စိတ်အေးရမယ်ဆိုတော့ ကျန်တဲ့ ၂ဦးကလဲ သဘောတူတယ်... KTX က Seoul Station ကနေ မိနစ် ၂၀ခြား ၁ခါထွက်တယ်လေ...


ဗီဇာလျှောက်ခြင်း

ဗီဇာလျှောက်ဖို့ လုပ်ရမဲ့ဟာတွေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အရင်ပိုစ့် ကိုရီးယား နှင့် ရှန်ဟိုင်း ဗီဇာ လျှောက်ခြင်း... မှာရေးဖူးတယ်... ခုထက်ထိ မပြောင်းသေးဘူး အဲ့ဒိအတိုင်းပဲ...

ဒါပေမဲ့ ဗီဇာလျှောက်တော့ တစ်ယောက်သောသူက Bank Statement ယူဖို့ အင်တာနက် ဘဏ်ကင်း မလျှောက်ထားဘူး... အဲဒါလျှောက်ရင် ၂ပတ်လောက်ကြာအုံးမယ်... လုပ်မယ်ဆိုရင်တော့ မှီပေမဲ့ သူ့အလုပ်ကလဲ ပရောဂျက်အသစ်တွေထပ်ရောက်လာတော့ အလုပ်များမှာနဲ့ဆိုတော့ သူမလိုက်ဖြစ်တော့ဘူး... ကျွန်မလဲလေ မျှော်လင့်ထားသလိုမဖြစ်တော့ စိတ်ထဲ ကသိကအောင့်တော်တော်ဖြစ်ရတယ်... ခုပဲ လိုက်မယ်ပြောလိုက်... မလိုက်တော့ဘူးပြောလိုက်နဲ့... လူက လိုက်မယ် မလိုက်ဘူးပေါ်မူတည်ပြီး ဒီမှာ အစီအစဉ်ကိုပြောင်းနေရတာ... နောက်တော့ ကိုယ်ပဲ ဆုံးဖြတ်ပေးလိုက်တယ်... ခု မလိုက်ဘူးပြောတယ်... နောက်တစ်ခါ လိုက်မယ် ထပ်မပြောနဲ့တော့လို့... သူလိုက်မယ်ဆိုရင် မိန်းကလေးတွေနဲ့ဆိုတော့ သူနေဖို့ထိုင်ဖို့က သက်သက်စီစဉ်ပေးရအုံးမှာလေ... အမှန်တော့ စိတ်ထဲက လိုက်စေချင်တာပေါ့... ဒါပေမဲ့ ခရီးတစ်ခုသွားရင် စိတ်တ၀က်တပျက်နဲ့ နောက်ဆံတင်းနေရရင် ကိုယ့်အတွက်လဲမကောင်းဘူး ကိုယ်နဲ့ ခရီးသွားဖော်တွေအတွက်လဲမကောင်းဘူး... မဆုံးဖြတ်ခင်ကတည်းက စဉ်းစားသင့်တဲ့ အရာတွေအားလုံးကို ချင့်ချိန်စဉ်းစား... လိုက်မယ်နဲ့ မလိုက်ဘူး ၂ခုကို အဲဒိ ချိန်ထိုးထားတဲ့အရာတွေနဲ့ တိုင်း... အဖြေတစ်ခုထွက်လာမယ်... လိုက်မယ်ဆိုရင် ကျန်တဲ့ နောက်ဆံတင်းစရာတွေကို မေ့လိုက်တော့... ခရီးသွားဖို့ကိုပဲ စဉ်းစားပြီး စိတ်ရောကိုယ်ရော ပြင်ဆင်... မလိုက်ဖူးဆိုလဲ ဒီခရီးကိစ္စကို မေ့လိုက်တော့...


ကျန်တဲ့ ပြဿနာအသေးအဖွဲလေးတွေကြားမှာ နည်းနည်းရှိပေမဲ့ ဒီလိုပဲ တစ်ဦးနဲ့တစ်ဦး ညှိယူပြီး ဒီခရီးကို အမာခံ ၃ယောက်ပဲ ကျန်တော့တာပေါ့... ကျွန်မသူငယ်ချင်းကတော့ ပြောထားပြီးသား... နောက်နှစ်မှာ ကျွန်မ အခြေအနေပြောင်းသွားရင် သူနဲ့ ခရီးသွားဖော်မရှိတော့ဘူးတဲ့ အဲဒါကြောင့် ဒီနှစ်ထဲမှာ ခရီးတစ်ခုခုသွားရမှကိုဖြစ်မယ်တဲ့... (အမှန်တော့ ကျွန်မအခြေအနေပြောင်းသွားရင်လဲ ခရီးတွေတော့ ထွက်ဖြစ်နေအုံးမယ်ထင်တာပဲ... သူ့ကိုလဲ ခေါ်အုံးမှာပါ)... ကျွန်မတို့အားလုံး သေချာသွားတော့ ဒီတစ်ခါတော့ ဟောင်ကောင်လိုမဖြစ်အောင် သေချာ Research ရှာမှလို့... ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သွားချင်တဲ့နေရာတွေက တူတဲ့ဟာရှိသလို မတူတာလဲရှိနိုင်တယ်လေ... ဒါနဲ့ ၃ယောက်လုံး ကိုယ်သွားချင်တဲ့နေရာတွေနဲ့ ဘယ်လိုသွားရလဲဆိုတာကို Research ရှာ... ခရီးမသွားခင် ၃ ၄ရက်လောက်အလိုကျမှ နီးတဲ့နေရာတွေကို Group တွေလုပ်ပြီး အသေးစိတ်အစီအစဉ်ချဖို့ သဘောတူလိုက်တယ်... (တကယ်တမ်းတော့ အဲလိုလဲ သေချာမလုပ်ဖြစ်ပါဘူး...) ကျွန်မသူငယ်ချင်းက Seoul က သူသွားချင်တဲ့နေရာတွေကို Research ရှာတယ်... ကျွန်မကကျတော့ Busan မှာ သွားချင်တဲ့နေရာတွေနဲ့ အသေးစိတ် ခရီးစဉ်ကို အချိန်နဲ့ရေးဖြစ်တယ်... ကျွန်မသူငယ်ချင်းကလဲ Busan့  သူသွားချင်တဲ့နေရာ နာမည်လေးတွေပေးတယ်... ကျွန်မအစ်မကတော့ Seoul က ရထားလမ်းမြေပုံကို အင်္ဂလိပ်လို Print out ထုတ်လာတယ်... (သူက ရှေ့မှာလဲ ခရီးတွေနဲ့ ဆက်နေတာဆိုတော့ မအားဘူး)...

Choosing Airline and Accomodation Decision

လေယာဉ်လက်မှတ်တွေဝယ်ဖို့ တိုင်ပင်တော့ အချိန်သက်သာအောင် ဈေးပိုပေးရရင် ပေးရပါစေ တိုက်ရိုက် လေယာဉ်ပဲစီးဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလိုနဲ့ ကိုရီးယားအဲ ကိုပဲရွေးလိုက်တယ်... လေယာဉ်ကိုတော့ ဈေးသိပ်ဂရုမစိုက်ပဲ ကိုယ့်အတွက် အချိန်ပိုထွက်လာမှာကို ၀ယ်ဖြစ်တယ်... ဟိုရောက်ရင် နေစားရိတ်က သက်သာတယ်လို့ သိရတော့ နေစားရိတ်ကို ခြွေတာလိုက်မယ်လို့ သဘောတူလိုက်တယ်... ဘာပဲပြောပြော ဟိုတယ်ဆိုတာကလဲ ကျွန်မတို့လို ခရီးသွားတွေအတွက်က ရေချိုးဖို့နဲ့ ညအိပ်ဖို့ပဲလေ... ကိုယ်က တစ်ချိန်လုံး အပြင်ထွက်နေမှာကိုး... နေရာကိုတော့ ဦးစားပေးရွေးရတာပေါ့... သွားရလာရ လွယ်ကူမဲ့နေရာမျိုးပေါ့... ဒီလိုနဲ့ Seoul က Myeong Dong Area မှာတည်းဖို့ဆုံးဖြတ်လိုက်တယ်... အစက New Sun Guest House ကို Book ထားပေမဲ့ နောက်တော့ သူတို့ဆီမှာ ၃ယောက်ခန်းမရှိတာနဲ့ အနီးကပ်မှပဲ 24 Guesthouse Namsan Garden ကိုရွေးလိုက်တယ်... သူလဲ Myeong Dong မှာပဲ... Review တွေကလဲ နေရာကောင်းတယ်ပြောတာရော... သူက Garden ပုံစံမျိုးလေးလဲဓာတ်ပုံထဲတွေ့တော့ အဲ့မှာနေချင်သွားတယ်... Busan ကိုတော့ တော်တော်များများက ရထားဘူတာနားက Toyoko Inn Busan Station No. 1 ကို ညွှန်းကြတယ်... ဘူတာက ထွက်တာနဲ့ တန်းမြင်နေရတော့ အထုတ်တွေကို ချက်အင်မ၀င်ခင် အပ်ပြီး တစ်ခါတည်းလျှောက်သွားလို့ရတယ်တဲ့... ပြီးတော့ တိုးရစ် City Sightseeing Bus ကလဲ အဲ့ဒိနားမှာ ဂိတ်ရှိတယ်တဲ့... ဒါပေမဲ့ ကျွန်မတို့ အဲ့ဒိဘတ်စ်တော့မစီးဖြစ်ပါဘူး... မြို့တွင်း Local တွေစီးတဲ့ ဘတ်စ်ပဲစီးဖြစ်တယ်...


Transportation

သွားဖို့လာဖို့ Transportation ကိုရှာတော့ Incheon လေဆိပ်ကနေ ဘူဆန်းကို ခုဆိုရင် တန်းပြီး အမြန်ရထား (KTX) စီးလို့ရပြီတဲ့... အဲဒါက ဇွန်လ ၂၀၁၄ ကမှ စပြီးပြေးဆွဲတာတဲ့... ဒီလိုဆိုတော့ ၀မ်းသာသွားတာပေါ့... နောက်မို့ဆို လေဆိပ်ကနေ Express Train စီးပြီး ဆိုးလ်ဘူတာကိုသွား ၊ ဆိုးလ်ဘူတာကနေမှ ဘူဆန်းသွားဖို့ KTX ရထားကို ပြောင်းစီးရမှာလေ... နောက်တစ်ချက်ရှိတာက KTX ကို ကောင်တာမှာ ဘူဆန်းအသွားအပြန်လက်မှတ်ကို ၀ယ်ရင် Won 100,000 (SGD 140) လောက်ရှိတယ်... ဒါပေမဲ့ အွန်လိုင်း ဒီ Korail ၀က်ဆိုဒ် http://www.letskorail.com/ebizbf/EbizBfIndex_eng.do ကနေ KR Pass အဖြစ်နဲ့ဝယ်ရင် ပိုသက်သာတယ်... ကိုယ်က ဘူဆန်းမှာ ၂ရက်ပဲနေမယ်ဆိုပေမဲ့ သူက 1 Day Pass, 3 Days Pass, 5 Days Pass စသည်ဖြင့်ရောင်းတယ်... ဒီတော့ အသွားအပြန်ဝင်ချင်တော့ 3 Days Pass ကို ၀ယ်လိုက်တယ်... 3 Days Pass ၀ယ်တာတောင် ကောင်တာကနေ ၀မ် ၁သိန်းတန် အသွားအပြန်ထက် သက်သာတယ်... ၂ယောက်နဲ့ အထက်ဝယ်ရင်လဲ Saver Plan ကနေ ဈေးနည်းနည်းသက်သာသေးတယ်... ကျွန်မတို့ 3 Days Pass က တစ်ယောက်ကို Won 83,700 ပဲကျတယ်... Saver Plan က တူတူဝယ်တဲ့သူတွေအားလုံးက တစ်ချိန်ထဲ တူတူသွားတဲ့သူဖြစ်ရမယ်တဲ့... ဒါပေါ့ ကျွန်မတို့အားလုံးက တူတူသွားတာပဲလေ... ပြဿနာမရှိဘူး... ဒီ KR Pass က Tourist တွေအတွက်ပဲ သက်သက်ပေးတဲ့ Discount ပေါ့... သူတို့နိုင်ငံသားတွေ ၀ယ်လို့မရဘူး... KR Pass ဈေးနှုန်းဇယားနဲ့ ၀ယ်ရင်လုပ်ရတဲ့ အဆင့်တွေကို အောက်ကပုံတွေမှာကြည့်လိုက်နော်... သူက အွန်လိုင်းကပဲ ၀ယ်လို့ရတာ... ဟိုရောက်မှ Ticket ပြန်ချိန်းရတာ... ဟိုက ကောင်တာတွေရောက်မှ ၀ယ်လို့မရဘူး... ဟိုမှာ ကိုယ်က အင်တာနက် Access ရှိရင်တော့ တစ်မျိုးပေါ့... ဒီတော့ risk တွေလျော့ချပြီး ကြိုလုပ်တာ အကောင်းဆုံးပဲပေါ့...







Using T-Money Card


ရှေ့အပိုဒ်မှာ ပြောသွားတဲ့ Pass က ဘူဆန်းကိုသွားရင်စီးတဲ့ KTX အဝေးပြေးရထား Pass ကိုပြောတာ... ကိုရီးယားမြို့တွင်းစီး စလုံးက Ezlink card လိုမျိုးက သက်သက်ရှိတယ်... သူတို့က T-Money Card လို့ ခေါ်တယ်... အဲဒါက ဘူတာရုံက စက်တွေနဲ့ ကြိုက်တဲ့ Convenience Store တွေမှာ ၀ယ်လို့ရတယ်... သူက ဘတ်စ်ကားစီးရင်လဲ သုံးလို့ရသလို၊ တိုက်စီစီးတာတို့ တစ်ချို့ဆိုင်တွေမှာ ဈေးဝယ်တာတို့လဲ သုံးလို့ရတယ်... မဗေဒါတို့ကတော့ ရထား၊ ဘတ်စ်ကားစီးရုံပဲ သုံးဖြစ်ခဲ့ပါတယ်... ကဒ်ဖြည့်တဲ့စက်ကလဲ English ဆိုတာကို ရွေးလို့ရတော့ ဖြည့်ရတာ မခက်ပါဘူး... အဲလိုမှမဟုတ်လဲ C.U တို့ 7-11 တို့ Convenience Store လေးတွေတွေ့ရင် ၀င်ပြီး ဖြည့်ခိုင်းလို့ရတယ်... 


T-Money Card တစ်ကဒ်ကို ၀မ် ၂၅၀၀ နဲ့ ၀ယ်လို့ရတယ်... (မဗေဒါတို့ ၀ယ်တုန်းက လေဆိပ်မှာ Express Train Ticket နဲ့ ပေါင်းဝယ်လိုက်တော့ ဘယ်လောက်လဲမသိဘူး... ဒါပေမဲ့ T-Money Card ထဲမှာတော့ ဘာ Value မှ မရှိဘူးလို့ ရောင်းတဲ့မိန်းမက ပြောလိုက်တယ်)... 

T-Money Card အသုံးပြုတာမှာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်... 
၁) သူက ရထားတွေ ဘတ်စ်ကားတွေ Transfer လုပ်တဲ့အခါမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း Transfer ကြေးမပေးရဘူး... တကယ်လို့ T-Money Card ကိုမသုံးပဲ တစ်ခါသွားတိုင်းတစ်ခါရှင်းမယ်ဆိုရင် Transfer လုပ်တဲ့အခါ Initial Fare တွေ အမြဲပေးနေရတဲ့အတွက် ပိုကုန်စေတယ်...
၂) တစ်ခါစီးတိုင်း တစ်ခါ လက်မှတ်ဝယ်နေရတဲ့ ဒုက္ခကို လျော့နည်းစေတယ်...
၃) T-Money Card နဲ့ပေးတာဟာ ရိုးရိုး ပိုက်ဆံနဲ့ပေးတာထက် ၀မ် ၁၀၀ သက်သာစေတယ်...
မှတ်ချက်။    ။ ကိုယ်ပြန်မဲ့ရက်မှာ ကဒ်ထဲကျန်တဲ့ ပိုက်ဆံ Value ကို Service Charge 500 ပေးပြီး Refund ပြန်လုပ်လို့ရတယ်... ဒါပေမဲ့ T-Money Card ကိုတော့ Return ပြန်ပေးပြီး Refund ပြန်ယူလို့မရဘူး... 

မဗေဒါက Seoul မှာနေတဲ့ နောက်ဆုံးရက် ၂ရက်မှာ ၀မ် ၅၀၀၀ ကဒ်ထဲ ဖြည့်ပြီးကာမှ ကဒ်ပျောက်သွားလို့ နောက်ဆုံး ၂ရက်ကို တစ်ခါသွားတိုင်း တစ်ခါ Ticket ၀ယ်စီးခဲ့ရတယ်... (အဖြစ်ကဆိုး)... စကာင်္ပူလဲပြန်ရောက်ရော ကင်မရာထည့်တဲ့ ကျောပိုးအိတ်ထဲကနေ ကဒ်ကိုပြန်တွေ့တယ်... 

တကယ်လို့ ကိုရီးယားသွားမဲ့သူတွေ ၀ယ်ချင်တယ်ဆိုရင် SGD 10 နဲ့ ပြန်ရောင်းမယ်နော်... အထဲမှာလဲ ၀မ် ၅၀၀၀ ဖိုးပါပြီးသား အသင့်စီးရုံပဲ... 
မဗေဒါတို့ ခရီးတစ်လျှောက်လုံးအတွက် Busan + Seoul  ၂နေရာလုံး သုံး စုစုပေါင်း T-Money Card ဖြည့်ခဲ့ရတဲ့ တန်ဖိုးက ၀မ် ၂သောင်းခွဲပဲရှိတယ်... ဒါတောင် ကဒ်ထဲမှာ ထောင်ပိုင်းလောက် Value ကျန်တယ်... (ကိုယ်က တိုက်စီမကြာခဏစီးတာကြောင့်လဲ ပါမယ်ထင်တယ်)...

T-Money Card အကြောင်းကို သေသေချာချာ ပိုသိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားဖတ်ကြည့်လို့ရပါတယ်...



Taxi

တစ်ခါတစ်ရံမှာ တိုက်စီစီးတာဟာ Subway နဲ့ သွားတာထက်တောင် သက်သာသလို အချိန်ကုန်လဲ သက်သာစေပါတယ်... ဈေးတူနေရင်တောင် အချိန်ကုန်သက်သာစေသလို စက်လှေကား ရှားတဲ့ subway station တွေက လှေကားကြီးတွေတက်ရတာလဲ သက်သာစေတဲ့အတွက် Taxi က ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်တတ်ပါတယ်... ဈေးသက်သာစေတယ်ဆိုတာကတော့ အကယ်၍ သင်တို့ဟာ ၃-၄ယောက်အဖွဲ့နဲ့သွားနေတယ်ဆိုရင် ပိုပြီးသိသိသာသာသက်သာစေပါတယ်... T-Money Card နဲ့ ရထားစီးတဲ့အခါ ၁၀ ကီလိုမီတာအတွင်းဆိုရင် Won 1050 ကျပါတယ်... Station ဘယ်နဂိတ်ပဲဖြစ်ဖြစ်ပါ... ၄ယောက်ဆိုရင် ၀မ် ၄၂၀၀ ကျနေပါပြီ... တိုက်စီတွေရဲ့ Initial Fare က ပထမ ၂ကီလိုမီတာအတွက် ၀မ် ၂၄၀၀ က စပါတယ်... နောက်ပိုင်း ၁၅၉ မီတာတိုင်း ၀မ် ၁၀၀ စီတိုးပါတယ်... တကယ်လို့ ရထား ၃-၄ဂိတ်လောက်ပဲရှိတဲ့ အကွာအဝေးကို တိုက်စီစီးရင် ၀မ် ၃၀၀၀ ကနေ ၀မ် ၃၅၀၀ ၀န်းကျင်လောက်ပဲကျပါတယ်... Save all the trouble... (တစ်ခါတစ်လေတော့လဲ တိုက်စီသမားကို ကိုယ်သွားမဲ့နေရာ နားလည်အောင်ပြောရတာတော့ လက်ပေါက်ကပ်တာပေါ့လေ... ဒါပေမဲ့ ကိုယ်သွားမဲ့နေရာက Tourist Attraction ပဲဖြစ်စေ... ရထားဂိတ်နာမည်ပဲဖြစ်စေဆိုရင်တော့ သူတို့ တန်းသိပါတယ်)...

ကျွန်မတို့သွားခဲ့သမျှထဲမှာ အများဆုံးကျခဲ့တဲ့ တိုက်စီခကတော့ Suwon, Korean Folk Village ကနေ Everland ကိုသွားတဲ့ခရီးပါပဲ... တိုက်စီခ ၀မ် ၃သောင်း (SGD around 40+) လောက်ပါပဲ... တော်တော်လေးလဲ ဝေးပါတယ်...

Orange Taxis


Photo Credit to Visitkorea website

ဒီမှာ သူတို့ရဲ့ City Government က တိုးရစ်တွေအဆင်ပြေအောင် လုပ်ပေးထားတဲ့ Orange Taxi တွေအကြောင်းပြောပြပါမယ်... လိမ္မော်ရောင် တိုက်စီတွေရဲ့ အပေါ်ကမီးသီးစာတမ်းဘေးမှာ intl လို့ရေးထားရင် ကားဆရာဟာ English ဒါမှမဟုတ် ၊ ဂျပန် ဒါမှမဟုတ် ၊ တရုတ် စကား တစ်ခုခုကို အတန်အသင့်ပြောဆိုနိုင်တယ်တဲ့... ဈေးကလဲ တခြား တိုက်စီတွေနဲ့ တူတူပါပဲတဲ့.... ကံကောင်းရင်တော့ English စကားပြောတတ်တဲ့ Driver နဲ့တန်းတိုးရင် အဆင်ပြေတာပေါ့... Orange Taxi တွေ အကြောင်း ပိုသိချင်ရင်တော့ ဒီနေရာလေးမှာ သွားဖတ်ကြည့်နော်...

Discount Coupon

သွားဖို့ ၂ရက်အလိုမှ Research တွေရှာရင်း ရှာရင်းနဲ့ Discount Coupon တွေအကြောင်းဖတ်ဖြစ်တယ်... Discount Coupon တွေကို Visit Korea Committee website မှာ Print Out ထုတ်လို့ရတယ်... သူက လျှော့ပင်းသွားတဲ့ Discount coupon တွေအပြင်... တချို့ tourist attraction နေရာတွေရဲ့ ၀င်ကြေးတွေကို အတော်လေး သက်သက်သာသာနဲ့ရတယ်... ဂိတ်ဝင်ကြေး ကူပွန်ကိုတော့ တစ်ဦးကို တစ်စောင်နှုန်း Print out ထုတ်ရတာပေါ့နော်... ကျွန်မတို့ Print out ထုတ်ခဲ့တာများ ဖိုင်နဲ့ တစ်ဖိုင်ရတယ်... (ဟီး.. ၈ရက်နေ့ညမထွက်ခင် အဲ့ဒိတစ်နေ့လုံး Print out ထုတ်တာနဲ့တင် အချိန်ကုန်တာပဲ... ဒါမျိုးကျတော့ tag လေးတွေနဲ့ အသေအချာပြင်တာ)... Faceshop တို့၊ Tony Moly, Etude house, Natural Republic စသည်ဖြင့် ဆိုင်ပေါင်းစုံ Discount Coupon တွေရှိတယ်... ဒါပေမဲ့ဆိုင်ခွဲတစ်ခုတိုင်းအတွက် ကူပွန်တစ်ခုရှိတယ်ဆိုတော့ Faceshop ကတင် Myeong Dong မှာ ဆိုင်ခွဲ ၆ ဆိုင်လောက်ရှိတော့ ၆စောင်လောက်ထုတ်ရတာလေ... ကိုယ်က ဘယ်ဆိုင်က ၀ယ်ဖြစ်မယ်မှန်းမှမသိတာ... ရောက်တဲ့ဆိုင်ဝယ်ရမှာဆိုတော့... အဲဒိ ၀က်ဆိုဒ်မှာ သွားဖတ်လိုက်ရင် သဘောပေါက်သွားလိမ့်မယ်... လင့်လေးကတော့ ဒီမှာနော်...

Tax Refund

အလည်လာတဲ့ Tourists တွေဟာ ၀မ် ၃သောင်းနဲ့ အထက် ၀ယ်ရုံနဲ့ အပြန် လေဆိပ်မှာ Tax Refund လုပ်လို့ရတယ်... ဆိုင်တိုင်းတော့ မဟုတ်ဘူး... Tax Refund Eligible ဖြစ်တဲ့ဆိုင်တွေပဲရတယ်... များသောအားဖြင့် Skin Care နဲ့ အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေက Tax Refund Eligible ဆိုင်တွေဖြစ်တာ များပါတယ်... သေချာချင်ရင်တော့ မေးကြည့်ပြီးမှ ၀ယ်ပေါ့... Receipt သိမ်းထားဖို့တော့ မမေ့နဲ့ပေါ့နော်... ဘယ်လောက် ရာခိုင်နှုန်းပြန်ပေးသလဲတော့ ကိုယ်လဲသေချာမသိဘူး... ကျွန်မတို့ Faceshop မှာ ၀မ် ၂သိန်းကျော် ၃သိန်းနီးပါးဝယ်တာ လေဆိပ် Tax Refund မှာ Won 10,000 ပဲပြန်ရတယ်... သိပ်တော့ မများပါဘူး... လုပ်ချင်တဲ့သူတွေ လုပ်လို့ရအောင်ပြောပြတာ...
Tax Refund နဲ့ပတ်သတ်ပြီး ပိုပြီး တိတိကျကျ သေသေချာချာ သိချင်ရင်တော့ ဒီ ၀က်ဆိုဒ်မှာ သွားဖတ်နော်...


ကဲ ဒီလောက်ဆိုရင်တော့ ကိုရီးယားမသွားခင် ပြင်ဆင်သင့်တာလေးတွေ သိသင့်တာလေးတွေ အကြမ်းဖျင်းတော့ သိလောက်ပြီလို့ထင်တယ်နော်... ကိုရီးယားကို မေမေနဲ့အတူ Tour Package နဲ့ တစ်ခါရောက်ဖူးတာနဲ့ ခုတစ်ခေါက် Free & Easy နဲ့သွားတာဟာ ပြင်ဆင်ရတာနဲ့တင်ပဲ တော်တော်လေးကွာခြားနေပါပြီ... စစချင်း Research ရှာတုန်းကဆိုရင် သူတို့ နေရာတွေ မြို့နယ်တွေ နာမည်တွေနဲ့တင် ပတ်ချာလည်လိုက်ပြီး မမှတ်မိနိုင်ဖြစ်နေခဲ့တာ... တခြား ခရီးသွား ဘလော့ဂါတွေရေးတာတွေကို လိုက်ဖတ်ပြီး မှတ်စုစာအုပ်နဲ့ကို မှတ်ထားရတယ်... မြန်မာလို ကိုရီးယားခရီးစဉ်ကို အသေးစိတ်ရေးထားတဲ့ဘလော့တော့ ရှာမတွေ့ဘူးပေါ့နော်... မဗေဒါ ဘလော့က ပထမဆုံးနဲ့ တစ်ခုတည်းသော ဘလော့များဖြစ်မလားတော့မသိ... တကယ်လို့ မြန်မာလို ကိုရီးယားခရီးစဉ်ရေးထားတဲ့ ဘလော့တွေများရှိရင်လဲ မဗေဒါကို အသိပေးသွားပါအုံးနော်...

ဒီပိုစ့်လေးနဲ့ပတ်သတ်ပြီး မေးချင်တာရှိတယ်၊ မရှင်းတာရှိတယ်၊ ဒါမှမဟုတ် ဒီပိုစ့်လေးက သင့်အတွက် အသုံးဝင်တဲ့ အင်ဖိုးမေးရှင်းတွေပေးတယ်ဆိုရင် အောက်က ကွန်မန့်လေးမှာရေးသွားနော်... တကယ်လို့များ T-Money Card မဗေဒါဆီက ၀ယ်ချင်တယ်ဆိုရင်တော့ ဘေးက ဆိုဒ်ဘားက မဗေဒါ ဖေ့ဘွတ် Page ကနေ မတ်စေ့ပို့ပြီး ဆက်သွယ်နိုင်ပါတယ်... အမှန်တော့ ကိုရီးယားပိုက်ဆံတွေ ပိုတာလဲ ရောင်းချင်တယ်... အပြင်ဈေးထက်ပိုပေးမှာပါ...

အားလုံးပဲ ကိုရီးယားကို ကိုယ့်ဘာသာကိုယ် စီစဉ်ပြီး လွတ်လပ်ပေါ့ပါးစွာ သွားနိုင်ကြပါစေ...

12 comments :

Anonymous said...

Love how detail you are in preparing for the trip.. sounds a whole lot of studying on tickets for traveling and entries alone.. when i plan for a trip, planning for accommodation is already a brainier for me.. i salute u for that. Are you gonna post more of your personal experience on local people, services and food on trip, right? I would love more of those with pictures as you always do.

With love,
Wine

mabaydar said...

Sure, I will write about that in my next posts when I write day by day experiences in this trip... Thank you for always supporting... I am just trying to improve... Coz some people just would like to get Information rather than reading my own story... About my opinion on locals and food will sure be in there.

Su Myat said...

လေဆိပ်ကနေဘူဆန်းကိုသွားတာ အမြန်ရထား (KTX) နဲ့ဆိုအချိန်ဘယ်လောက်ကြာလဲဟင်?
နောက်ပြီး Guest House ကိုbook လုပ်တဲ့ website လေးသိချင်ပါတယ် :)

mabaydar said...

တကယ်တန်းကျတော့ အစ်မတို့ Seoul Station ကနေ KTX စီးဖြစ်တယ်... နောက်ပိုစ့်မှာ အကြောင်းစုံပြောပြမယ်... KTX Seoul ကနေ Busan ကို ၃နာရီနီးပါးကြာတယ်... Guest House book တဲ့ Website တွေက... Tripadvisor, Booking.com, hotel.com, agoda.com တွေကနေ သက်သာတာကို နှိုင်းယှဉ်ပြီး Book ဖြစ်တယ် ညီမ...

shin said...

မဗေဒါ Tagထား တာ Facebook ကနေတွေ့လိုက်တယ်။ Sunday ရဲ့ ထုံးစံအတိုင်း အိမ်အလုပ်တွေကို Last mintue မှလုပ်နေရလို့ အခုမှဘဲ Computer ဖွင့်ပြီး comment ရေး နိုင်တော့တယ်။
ပထမဆုံးပြောချင်တာက ကျေးဇူးအများကြီးတင်ပါတယ် မဗေဒါရေ။ မဗေဒါရေးထားတဲ့ တွေက ကိုယ်တို့လို Free & Easy သွားမဲ့လူတွေ အတွက် အရမ်းကို အသုံးဝင်ပါတယ်။ ကိုယ်တို့လဲ လေယဉ်လက်မှတ်နဲ့ ဟိုတယ်ပဲ ဘွတ်လုပ်ထားပြီး တခြားဟာကဘာမှ မကြည့်ရသေးဘူး။ T-money ကတ်ကတော့ ကိုရီးယားက အခုပဲ ပြန်လာတဲ့ သူငယ်ချင်းဆီက ရထားတာ ရှိတယ်။ မဗေဒါဆီက ကိုရီးယားပိုက်ဆံ ပြန်ဝယ်ဖို့တော့ စိတ်ဝင်စားတယ်။ မဗေဒါ ဘယ် Rate နဲ့ရောင်းပေးမလဲ ဟင်။

Btw, မဗေဒါသွားလည်ခဲ့တဲ့ နေရာတွေအကြောင်းရေးရင် Seoul ကိုအရင် ရေးလို့ရမလားဟင်။ ကိုယ်တို့က Seoul သွားဖို့ပဲ စီစဉ်ထားလို့ပါ။ :)

mabaydar said...

Shin သွားမှာက လိုသေးတယ် မဟုတ်လား? Busan မှာ 2 ရက်ပဲနေခဲ့တော့ ပိုစ့်တင်တာ သိပ်မကြာ လောက်ပါဘူး... ဟီး... သိချင်တာရှိလဲ ဖေ့ဘွတ်ကနေ မေးလို့ရပါတယ်...

shin said...

ha ha... Okey... အခုတော့ ဘယ်နေရာသွားရင် ကောင်းမယ် ဆိုတာ သေချာမကြည့်ရသေးတော့ ဘာမေးရမယ်မှန်းလဲ သိပ် မသိသေးဘူး။ မဗေဒါရေးတာပဲ စောင့်ဖတ်တော့မယ်။ :D

mabaydar said...

shin စောင့်နေတယ်ဆိုတဲ့ စိတ်နဲ့မှ မြန်မြန်ရေးဖြစ်မှာ... :D

Mrs. Bagel said...

T- money ကတ် ကတော့ မရှိ မဖြစ်ပဲ။ နို့မို့ဆို Taxi ခ နဲ့ မွဲလွန်းလို့ :D ဪ နောက်တစ်ခုက တက်ဆီ အနက်ရောင် တွေကို ရှောင်ပါလို့။ တခြား တွေထက် ၂ဆလောက် ဈေးပိုကြီးတယ်။.

Mrs. Bagel said...

ပြောဖို့ကျန်ခဲ့တာ၊ တက်စီ စီးရင် ဘယ်လောက်နီးနီး သက်သာမယ် မမှန်းပါနဲ့။ ဆိုးလ်မြို့ထဲ လမ်းထလျှောက်ရင် ၅ မိနစ်နဲ့ ရောက်မယ့် နေရာကို ကားကြပ်တာနဲ့ မိနစ် ၂၀ လောက် ကြာပါတယ်။ တက်စီ မီတာက အကွာအဝေးနဲ့ မဟုတ်ပဲ အချိန်နဲ့အမျှ တရိပ်ရိပ်တက်ပါတယ်။ မြတ်ကြည်စီးဖူးတဲ့ အထဲမယ် တက်စီခ ၆၅၀၀ က အနည်းဆုံးပဲ။

mabaydar said...

အော်... မဗေဒါလဲ ပြောဖို့ ကျန်ခဲ့တာ... ဘယ်နိုင်ငံမဆိုတော့ ကားပိတ်ရင် တိုက်စီခတက်ပါတယ်... ဖေ့ဘွတ်ပေါ်မှာတော့ ကားမပိတ်ရင်လို့ စကားခ့ရေးခဲ့တယ်ထင်ပါတယ်... ဒီပိုစ့်ကျမှ အပျင်းကြီးပြီး မရေးမိတာ... မဗေဒါတို့ စီးခဲ့တာတော့ Suwon ကနေ Everland သွားတာကလွဲလို့ ကျန်တာတွေက ၃-၄ ထောင်ပဲ... ကိုယ်တွေက Peak hours တော့ တိုက်စီမစီးဖြစ်ဘူးလေ... ကိုယ်က Tourist ဆိုတော့ Local တွေလိုမဟုတ်ပဲ... တစ်နေကုန် အားနေ လျှောက်သွားနေတာ... ရုံးဆင်းချိန်လောက်ကျတော့ ကိုယ်က တစ်နေရာရာရောက်နေတော့ စီးလဲ မစီးဖြစ်ဘူး စီးရင်ကားကျပ်မယ်ဆိုတာလဲ သဘောပေါက်ပါတယ်... ရေးဖို့ မေ့ခဲ့တာကို ဖြည့်စွက်ပြီး သတိပေးတဲ့အတွက် မြတ်ကြည်ကို ကျေးဇူးနော်...

Mrs. Bagel said...

:D